New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

ပန်းခရေ ဗမာ ဟင်းချက်အနှစ် (50g) Burmese Curry Paste

ပန်းခရေ ဗမာ ဟင်းချက်အနှစ် (50g) Burmese Curry Paste

£1.99
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

Pann Kha Yay's Kitchenကအသစ်ထုတ်ထားတဲ့ဗမာဟင်းချက်အနှစ်ပါရှင်

ဗမာဟင်းချက်အနှစ်ကမဆလာမပါဝင်ပဲ
ကြိုက်နှစ်သက်ရာအသား၊ငါး၊ပုစွန်၊ငါးဖယ်
စတာတွေကိုချက်လို့ရပါတယ်ရှင်

ဒီအနှစ်ထုပ်ကလေးတွေကသက်သတ်လွတ်ဟင်းလျာများကိုလဲချက်နိုင်ပါတယ်
အသားငါးနဲ့ရောစပ်မှသာအသားငါးအနှစ်ဖြစ်သွားပေမယ့်ဟင်းချက်အနှစ်စီမံရာမှာ
ငံပြာရည်တောင်ပါဝင်ခြင်းမရှိပဲလူမျိုးဘာသာမရွေးယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်ရှင်

အခန်းအပူချိန်အတိုင်း၃လခန့်ထားနိုင်ပါတယ်
သိုးသွားတာမျိုးမဖြစ်ပဲဆီကြော်မို့ဆီဂျီးနံ့ဖြစ်သွားမှာသာစိုးတာပါ
ရေခဲသေတ္တာအအေးခန်း၊အခဲခန်းထဲသိမ်းပြီးစိတ်ကြိုက်ထားနိုင်ပါတယ်

အသားငါး၂၅ကျပ်သားမှ၃၀သါးထိချက်နိုင်သောဟင်းချက်အနှစ်ပါ

အရောင်အဆင်းအနံ့အရသာပြည့်စုံစေပါမယ်ရှင် အသားတွေထက်ငါးဟင်းကိုမညှီအောင်အနှစ်မချွဲအောင်မွှေးအောင်ချက်နိုင်ဖို့ပိုခက်ပါတယ်

ဒီဟင်းချက်အနှစ်ကိုငါးဟင်းကောင်းကောင်းလေး
ချက်ပြပါမယ်ရှင်

ငါး၂၅ကျပ်သားကိုရေမဆေးခင်ဆားနဲ့အရင်နယ်ပြီးမှဆားကုန်သည်အထိရေပြန်ဆေးပြီးရေစစ်ထားပါရှင်

အထုပ်ဖောက်ပြီးထည့်ပါမယ်

ငါးထဲအရသာသေချာဝင်အောင်နယ်ပြီး၁၀မိနစ်ခန့်
နှပ်ထားပါမယ်

ချက်မယ်ဆိုဆီ၅ကျပ်သား(သို့)ငါး၂ကျပ်သားအတွက်
မိမိသုံးနေကျဆီချိန်အတိုင်းထည့်ပါမယ်

ရေကိုငါးမြုပ်အောင်ထည့်ပါမယ်

ငါးတွေကျက်လို့ဆီပြန်ခါနီးရင် 

ငရုတ်သီးစိမ်းအုပ်

နံနံပင်လေးခပ်လိုက်ရုံနဲ့လတ်ဆတ်သောအရသာနဲ့ငါးဟင်းတစ်ခွက်ရပါပြီ
နှစ်သက်ရာအသား၊ငါး၊ပုစွန်၊ငါးဖယ်ကိုလဲဒီနည်းအတိုင်းချက်နိုင်ပါတယ်ရှင်

အရောင်အဆင်း၊အနံ့အရသာပြည့်စုံစေရမယ်
စိတ်ကြိုက်ဖြစ်စေပါမယ်ရှင်