ဟိုးရှေးရှေးတုန်းကဘဲပေါင်း🥰
ပန်းခရေတို့ငယ်တုန်းကအမေချက်ကျွေးခဲ့ဖူးတဲ့ဘဲပေါင်းဆို
ခုထိအရသာမမေ့သေးဘူး
အရင်ခေတ်ကခုခေတ်လိုအသင့်ခပ်လို့ရတဲ့အနံ့၊အရသာတွေ
မရှိသေးတော့ကိုယ့်အရသာကိုကိုယ်တိုင်သာဖန်တီးချက်ပြုတ်ခဲ့ကြတာ
ဗမာငံပြာရည်၊ပဲငံပြာရည်အပျစ်နဲ့အကျဲသာအဓိကထားသုံးကြတာ
အနံ့ကိုလဲကိုယ်တိုင်စပ်သုံးခဲ့ကြတော့အမေ့မီးဖိုချောင်လေးဟာဖြင့်ဟင်းခပ်အမွှေးကြိုင်အရွက်အခက်အစေ့အဆံပုလင်းတွေအစီရီ
ရေးရင်တောင်ပြန်မရနိုင်တော့တဲ့အမေ့မီးဖိုချောင်လေးကိုမျက်လုံးထဲမြင်မိပါရဲ့ရှင်
ဒါကြောင့်လဲအမေတို့ခေတ်ကဟင်းချက်ကောင်းကြတယ်
ကိုယ်တိုင်ဖန်တီးတဲ့အနံ့အရသာနဲ့ဟင်းလျာလေးတွေ
ခုလဲပန်းခရေကြီးကဟိုးရှေးရှေးတုန်းကိုပြန်သွားမလို့ပါ
သဘာဝဆန်စွာမွှေးကြိုင်ပြီးအရသာရှိလှတဲ့ဘဲပေါင်းဟင်းချက်အနှစ်ပါရှင်
ဒီဟင်းချက်အနှစ်နဲ့ဘဲပေါင်းလေးချက်ကြည့်ပါနော်
စိတ်ကြိုက်99%ဖြစ်စေဖို့အာမခံပါတယ်
ဒီအနှစ်ထုပ်လေးတထုပ်ကဘဲသား၂၅ကျပ်သားချက်လို့ရပါတယ်
ဘဲပေါင်းဆိုပေါင်ခြမ်းကသာအရသာအရှိဆုံးပါပဲ
ဘဲသားကို၃ချက်လောက်မွှန်းမယ်ရှင်
ဘဲသား၂၅ကျပ်သားပါရှင်
ပြီးရင်တော့ဟင်းချက်အနှစ်ထည့်ပြီး
သေချာနယ်ကာ၁၅မိနစ်ခန့်နှပ်ထားပါနော်
ချက်တော့မယ်ဆိုရင်ဆီထမင်းစားဇွန်း၃ဇွန်းခန့်ထည့်ပါ
ရေနွေးလောင်းပြီးစချက်လို့ရပါပြီရှင်
ချွင်းချက်အနေနဲ့ကတော့ပန်းခရေဝယ်တဲ့ဘဲသားကဆူလွန်းလို့
ဆီမထည့်ထားပါဘူးရှင်
ဘဲသားကဆီတော်တော်လေးထွက်နိုင်လို့ပါ
တကယ်လို့ချစ်တို့ဝယ်တဲ့ဘဲသားဆူလွန်းရင်ဆီမထည့်လဲရပါတယ်ရှင်
အသားနူးသည်အထိချက်ပြီးရင်တော့အရသာရှိစွာသုံးဆောင်နိုင်ပါပြီရှင်