ပန်းခရေကြီးရဲ့ဝက်သားတုတ်ထိုးချက်ရန်အနှစ်ထုတ်အသစ်လေးထွက်လာပါပြီရှင်
အရိုးရှင်းဆုံးအနံ့အရသာနဲ့စိတ်တိုင်းကျဖြစ်စေပါမယ်
အနှစ်ထုတ်တထုတ်ကိုဝက်ကလီစာ၁ပိသာချက်လို့ရပါတယ်
အကောင်းဆုံးအရသာနဲ့ဝက်သားတုတ်ထိုးဖြစ်ဖို့ပန်းခရေကြီးကတာဝန်ယူပါတယ်
ချစ်တို့ကဝက်ကလီစာတွေအနံ့စင်အောင်ဆေးဖို့တော့လိုပါမယ်ရှင်
ဝက်ကလီစာတွေသန့်ရှင်းရေးလုပ်ပြီးသွားရင်တော့လွယ်ကူစွာပဲချက်လို့ရပါမယ်
အူချို၊ချင်းတိုင်၊နှလုံးစတာတွေကိုတော့ဆားများများနဲ့သေချာပွတ်တိုက်ဆေးပါ
ဆားတွေကုန်အောင်သေချာဆေးပြီးရင်ဆန်မှုန့်နဲ့နယ်ပြီး၁၀မိနစ်လောက်ထားပြီးရေပြန်ဆေးရင်အနံ့အသက်ကင်းတဲ့ကလီစာရပါပြီ
ဝက်လျှာကိုတော့ရေနွေးဖျောပြီးအဖြူဖတ်တွေခြစ်ချပါ
အူပွ၊အူမကြီးကတော့ရေနဲ့မဆေးခင်ဆီ၊ဆားထည့်ပြီးဖျစ်ဖျစ်ပြီးနယ်ရင်အချိအချွဲတွေကဆီထဲပါလာလို့ဆေးရသက်သာစေပါတယ်
ပြီးမှရေအထပ်ထပ်ဆေးဆန်မှုန့်နဲ့၁၀မိနစ်လောက်နယ်ပြီးရေပြန်ဆေးထားပါ
ဆန်မှုန့်မရှိရင်အလွယ်ကူဆုံးမန်ကျည်းသီးမှည့်ကိုပျစ်ပျစ်လေးဖျော်ပြီးနယ်ထားပါနော်
ကလီစာတွေအနံ့အသက်စင်တဲ့အခါဟင်းလျာတွေကပိုလို့အရသာရှိစေပါတယ်
ပြီးရင်တော့ရေနွေးဆူဆူထဲ၁မိနစ်ခန့်ကလီစာတွေထည့်ပြီးရေနွေးဖျောပါ
ပြန်ဆယ်ပြီးရေတထပ်ထပ်ဆေးလိုက်ရင်ချက်ရန်အသင့်ပါရှင်
အရသာရှိတဲ့ဝက်သားတုတ်ထိုးဖြစ်ဖို့တော့ဒီနေရာကစလို့ပန်းခရေကတာဝန်ယူပါတယ်
ပန်းခရေဝက်သားတုတ်ထိုးချက်ရန်အနှစ်ထုတ်ထဲပါတဲ့Sauceထုတ်ကိုဖောက်ပြီးအနှစ်တဝက်ကိုဝက်ကလီစာထဲထည့်နယ်ပြီးနာရီဝက်ခန့်နှပ်ထားပါ
ရေနွေး၃လီတာခန့်ကိုဆူအောင်တည်ပြီးအစာပလာတွေရယ်ခုနကကလီစာထဲတဝက်ထည့်နယ်လို့တဝက်ပိုနေသေးတဲ့sauceအနှစ်ရယ်ကိုထည့်ပါ
ပွက်ပွက်ဆူလာရင် ကလီစာတွေထည့်ပါရှင်
ကလီစာတွေနယ်ထားတဲ့အရည်တွေတော့မထည့်တော့ပါဘူးရှင်
အနံ့တွေပါလာမယ်စိုးလို့ပါ ကလီစာပြုတ်ထားတုန်းတက်လာတဲ့အမြုပ်တွေခပ်ထုတ်ပေးရင်အရောင်လဲကြည်လင်သလိုအနံ့အသက်လဲပိုကင်းပါတယ်
၁နာရီလောက်အချိန်အတွင်းခုလိုလွယ်ကူတဲ့ဝက်သားတုတ်ထိုးရပါပြီရှင်
သတိထားရမှာကတော့ဝက်သားတုတ်ထိုးကမနူးရင်လဲစားမကောင်းသလိုအနူးလွန်ပြီးအိကျသွားလဲစားမကောင်းတတ်လို့
ခရင်းနဲ့ထိုးကြည့်လို့နူးလာတဲ့ကလီစာတွေဆယ်ထုတ်ပါနော်
အကုန်နူးသွားပြီဆိုရင်တော့ဟင်းရည်အိုးထဲပြန်ထည့်ပြီးမီးဖိုမီးပိတ်လို့ရပါပြီ
ဟင်းရည်အနေနဲ့က၂လီတာလောက်ကျန်နေရင်ရပါပြီ