မတုတ်မ ရဲ့ မြစိမ်း-ပဲထောပတ်ကြော် လေး စိမ်းနေတာဘဲ…
ပဲစိမ်းတွေ ဆေးဆိုးကြတဲ့ ပြဿနာ”
စျေးကွက်မှာ အများအားဖြင့် ထောပတ်ပဲစိမ်း နဲ့
ပဲကြီးပဲစိမ်းဆိုပြီး ၂ မျိုး အဓိကထား
ဖြန့်ဖြူးရောင်းချလေ့ရှိပါတယ်ခင်ဗျာ။
သဘာဝ ပဲကြီးပဲစိမ်းလေးတွေသည် တစ်နှစ်တာလုံးရဲ့
၁၂ လပိုင်း နှင့် ၁ လပိုင်းမှာ ထွက်လေ့ရှိပြီး
သဘာဝ ထောပတ်ပဲစိမ်းလေးတွေသည် တစ်နှစ်တာလုံးရဲ့
၁၀ လပိုင်းမှစပြီး နှစ်ကူး ၁ လပိုင်းထိ ထွက်လေ့ရှိပါတယ်။
လက်ဖက်၊ပဲကြော် လုပ်ငန်းများအနေဖြင့်
ပဲစိမ်းထွက်တဲ့ ရာသီလေးတွေမှာ တစ်နှစ်ပတ်လုံးအတွက်
ဖူလုံစေဖို့ ဝယ်ယူစုဆောင်းပြီး လှောင်လေ့ရှိကြပါတယ်။
စျေးကွက်မှာ နာမည်ရ
လက်ဖက်၊ပဲကြော် လုပ်ငန်းတွေအနေနဲ့
လက်ဖက်ဆေးဆိုးတဲ့ ပြဿနာ
ပဲစိမ်းဆေးဆိုးတဲ့ ပြဿနာတွေကို
Awareness ကောင်းကောင်းယူပြီး
သေချာဂရုစိုက်ကြရပါတယ်။
ခေတ်တွေလည်း တိုးတက်လာတာနဲ့ အမျှ
စားသုံးသူတွေ အနေဖြင့် စားသောက်ကုန်လေးတွေ
ဝယ်ယူကြတဲ့နေရာမှာ ပစ္စည်းတစ်ခုတည်းမဟုတ်ဘဲ ယုံကြည်မှုကိုပါဝယ်ယူကြတာဖြစ်တဲ့အတွက်
“မတုတ်မ” ၏ “အောင်ဆင်မင်း” လက်ဖက်လုပ်ငန်း
အနေဖြင့် အဖက်ဖက်မှ သတိထား
ကြိုးစား ဖြန့်ချိလျက်ရှိပါတယ်ခင်ဗျာ။