New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

မွှေး ကောက်ညှင်းမှုန့် (150g) Glutinous Powder

မွှေး ကောက်ညှင်းမှုန့် (150g) Glutinous Powder

£2.99
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

မွှေးကောက်ညှင်းမှုန့်ဖြင့် မုန့်လုံးရေပေါ် ၊ မုန့်ဖတ်ထုပ် ၊ မုန့်လက်ကောက်ကြော် အစရှိသဖြင့် အသုံးပြုနိုင်ပါသည်။

 

🌊 အတာသင်္ကြန်ရဲ့ အဓိပ္ပာယ်ကို ပိုမိုပြည့်စုံစေဖို့ဆို ရာသီစာ မြန်မာမုန့်လေးတွေရဲ့ အခန်းကဏ္ဍကို ချန်ထားခဲ့လို့ မရဘူး။ 🧀

🥥 မုန့်လုံးရေပေါ် အိအိလေးနဲ့ မုန့်ဖက်ထုပ်ပူပူလေးတွေကတော့ အတာနှစ်ကူးရဲ့ ဇာတ်လိုက်ကြီးတွေပါပဲ။ 😋

🎇 မွှေးကောက်ညှင်းမှုန့်လေးနဲ့ ရာသီစာ မုန့်ဖက်ထုပ်ပူပူလေး လုပ်စားရင်း သင်္ကြန်ရဲ့ အရသာကို ကိုယ်တိုင်ဖော်ဆောင်လိုက်ပါ။ 💧

✨ ပါဝင်ပစ္စည်း

◻ မွှေးကောက်ညှင်းမှုန့် 75 ဂရမ်ထုပ်
◻ ခြစ်ထားသော အုန်းသီးတစ်စိတ်စာ
◻ သကြားအနည်းငယ်
◻ ငှက်ပျောရွက်

🍥 မုန့်ဖက်ထုပ်ပူပူလေး အတူတူလိုက်လုပ်စားကြည့်ရအောင် မေမေတို့ရေ.. 🥥

◾ ခွက်တစ်ခုထဲ မွှေးကောက်ညှင်းမှုန့်တွေဖောက်ထည့်ပါ။ မုန့်နှစ်လေးတွေ စေးလာပြီး နယ်လို့ရရုံအနေအထားလောက်ထိ ရေရောပြီး နယ်ပါ။
◾ အုန်းသီးတစ်ခြမ်းကို ခြစ်ထားပေးပါ။
◾ ငါးကြင်းဖန်ခွက်အသေး ခွက်တစ်ဝက်ခန့်ထဲ သကြား (လိုသလောက်) ထည့်ကာ မီးဖိုပေါ်တင်ပြီး သကြားရည်ကျိုပါမယ်။
◾ ရေနွေးဆူလာရင် ခြစ်ထားတဲ့ အုန်းသီးဖက်တွေ ထည့်မွှေပါ။
◾ ရေခန်းသလောက်ရှိလာပြီး အုန်းသီးနဲ့သကြားတို့ အနှစ်ကျလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါ။
◾ အုန်းသီးဖက်လေးတွေ နွေးသလောက်ရှိလာပြီဆိုရင် အသင့်ပြင်ထားတဲ့ မုန့်နှစ်ထဲ အုန်းသီးတွေ ဌာပနာပြီး သုံးမြှောင့်ပုံစံ လုံးထားပါ။
◾ ငှက်ပျောရွက်ကို နွမ်းသွားအောင် အပူချိန်လေးနည်းနည်းနဲ့ ခနကင်ပါ၊
◾ ငှက်ပျောရွက်အနွမ်းကို မုန့်ထုပ်မယ့်ဖက်ကို ဆီသုတ်ပါ။
◾ မုန့်လုံးလေးတွေထည့်ထုပ်ပြီး သွားကြားထိုးတံနဲ့ ပိတ်ပါ။
◾ မုန့်ဖက်ထုပ်လေးကို နာရီဝက်လောက် ပေါင်းပေးရုံနဲ့ အရသာရှိတဲ့ ရာသီစာမုန့်ဖက်ထုပ် ပူပူလေးတွေ ရပါပြီ။

🍂 မွှေးကောက်ညှင်းမှုန့်နဲ့ မုန့်ဖက်ထုပ်ပူပူလေး လုပ်စားရင်း ငယ်ဘဝကို ခပ်ရေးရေးလေး ပြန်ဆွေးကြည့်လိုက်ကြစို့နော်..🌊🤍