New Arrivals

Snacks

Breakfast

Mohinga

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces & Spices

မွှေး တို့ဟူးမှုန့် (150g) Tofu Powder

မွှေး တို့ဟူးမှုန့် (150g) Tofu Powder

£2.99
Our Promise

Free Shipping Above £30

Get 5% Off + Free Shipping Above £50

Fast 2-3 Day Shipping

စားဖိုမှူးကြီးမြင့်ဦးသာရဲ့ "တိုဟူးကြော်၊ တိုဟူးသုပ်"လုပ်နည်းကို တင်ဆက်လိုက်ပါတယ်။

 

တိုဟူးအလွယ်ကျိုနည်း

မွှေးတိုဟူးမှုန့်                  - ၁၅၀ ဂရမ်

ဆား                            -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နနွင်းမှုန့်                         - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ရေ                                - ၇၀၀ မီလီလီတာ

ပြုလုပ်နည်း

1. မွှေးတိုဟူးမှုန့်အထုပ်မှပါတဲ့ အညွှန်းအတိုင်း တိုဟူးမှုန့်တစ်ထုပ်ကို ဇလုံထဲထည့်ပါ။ ပြီးလျှင် ရေ တစ်ဝက်ထည့်ပြီး မွှေပေးပါ။ ကျန်တဲ့ရေကို သိမ်းထားပါ။

2. ပြီးလျှင် မွှေထားတဲ့ တိုဟူးမှုန့်ရည်ကို ဆန်ခါနဲ့စစ်ပါ။ ဆန်ခါထဲမှာကျန်နေတဲ့ မကြေသေးတဲ့ပဲမှုန့်များပျော်သွားအောင် ကျန်တဲ့ရေထည့်ပြီး မွှေတံနဲ့မွှေပေးပါ။

3. ပြီးနောက် တိုဟူးကျိုမည့်အိုးထဲထည့်ပါ။ အရသာအတွက် ဆားနဲ့ နနွင်းမှုန့်ထည့်ပြီး မီးပြင်းပြင်းနဲ့ကျိုပါ။

4. ဆူစပြုလာရင် မီးအရှိန်လျော့ပြီး ကျိုပါ။ အဆက်မပြတ်မွှေပေးဖို့လိုပါတယ်။

5. ပြီးလျှင် ဆီသုတ်ထားတဲ့ဗန်းထဲထည့်ပြီး ခဲပါ။

 

တိုဟူးကြော်နဲ့စားရန် မန်ကျည်းရည်

မန်ကျည်းရည်                           -  စားပွဲဇွန်း ၄ ဇွန်း

ငံပြာရည်                                  - စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ                             - ၃ မြှောင့် (မညက်တညက်ထောင်းပါ)

ငရုတ်သီးအကျက်မှုန့်                -  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

1. ပန်းကန်လုံးထဲကို ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီး မွှေပေးပါ။

 

တိုဟူးသုပ်

တိုဟူး                      မွှေးကုလားပဲအစိမ်းမှုန့်၁ ထုပ် ( ၁၅၀ ဂရမ်) မှာ ကျိုထားတဲ့တိုဟူး

ကြက်သွန်ဖြူဆီချက်     - စားပွဲဇွန်း ၅ ဇွန်း

မန်ကျည်းရည်              - စားပွဲဇွန်း ၃ ဇွန်း

ငံပြာရည်                    - စားပွဲဇွန်း ၂ ဇွန်း

ဆားရည်                    -  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးအကျက်မှုန့်        -  စားပွဲဇွန်း ၂ ဇွန်း

နံနံပင်                        - ၃-၄ ပင် (ပါးပါးလှီးထားပါ)

ကြက်သွန်မြိတ်           - ၂ ပင် (ပါးပါးလှီးထားပါ)

1. တိုဟူးကို အရှည်အမြှောင်းလိုက်လှီးထားပါ။

2. ပြီးလျှင် ဇလုံထဲထည့်ပြီး ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်၊ ဆားရည်၊ မန်ကျည်းရည်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ကြက်သွန်မြိတ်ထည့်ပြီး ဖွဖွလေးနယ်ပါ။