New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

ရသာမွန် ဆီတို့ဖူး (100g) Fermented Bean Curd

ရသာမွန် ဆီတို့ဖူး (100g) Fermented Bean Curd

£2.50
Our Promise

Free Shipping Above £30

Get 5% Off + Free Gift + Free Shipping Above £50

Fast 2-4 Day Shipping

တခါစားဖူးသူတိုင်း မေ့မရနိုင်သော အရသာကို ပေးစွမ်းနိုင်တဲ့

ရသာမွန် ဆီတို့ဖူး ကို သယ်ဆောင်ရလွယ်ကူစေရန်၊ သန့်ရှင်းလတ်ဆတ်စေရန် အထုပ်သေးလေးဖြင့် ထုပ်ပိုးထားပါတယ်။

 

ရသာမွန် ဆီတို့ဖူး ဟာ

 

❤🥢ရိုးရာနည်းပညာ အတိုင်းသာ ထုတ်လုပ်ထားခြင်း

❤🥢အရောင်တင်မှုန့်၊ တာရှည်ခံဓာတု ဆေးဝါးများမပါခြင်း

❤🥢အရသာကို ထိန်းသိမ်းထားနိုင်ခြင်း

❤🥢ဆိမ့်သောအရသာကို ပေးစွမ်းနိုင်ခြင်း

 

တို့ကြောင့်

 

စားဖူးသူတိုင်း သဘောကျနှစ်ခြိုက် သော ရိုးရာ အစားအစာဖြစ်ပါတယ်။

 

ဆီတို့ဟူးမှာ Zinc ဓာတ် ၊ ဗီတာမင်-ဘီ ၊ plant proteins တို့ပါ၀င်ပြီး

အစာချေစနစ်ကိုလည်း အားကောင်းစေပါတယ်ရှင့် 💁

 

✅ ပြင်ဦးလွင် ဒေသထွက်ကုန် လေး🐼

✅ ထုတ်ပိုးမှုကလည်း အသပ်ရပ်ဆုံးလေး🌸

✅ အရသာကလည်း အဆိမ့်အရသာထူး⭐

✅ ဟင်းမှာထည့်ချက်ရင်ပိုအရသာထူးစေမယ့်အပြင်🕺

✅ အရံဟင်းအနေနဲ့လည်း မရှိမဖြစ်💑

✅ လက်ဆောင်လေးပေးဖို့ပဲဖြစ်ဖြစ် 🤷‍♀️

✅ အိမ်မှာပဲဆောင်ထားဖို့ပဲဖြစ်ဖြစ်

အသင့်တော်ဆုံးလေးပါရှင်😊

 

ဆီတိုဖူး စားသုံးနည်လေးတွေ စုပေးထားပါတယ် ..

၁) ဆီတို့ဖူးကို ဒီတိုင်း အထုတ်ထဲမှ ထုတ်ပြီး စားသုံးနိုင်ပါတယ်

၂) ဆီတို့ဖူးကို ငပိချက် ချက်သည့်အတိုင်း ငပိနေရာမှာ ဆီတို့ဖူးကို ခြေပြီး သက်သက်လွတ် ငပိချက် လုပ်စားလို့ရပါတယ်

၃) အသားကင် အသားကြော် လုပ်စားတဲ့အခါ ၂ နာရီလောက် ကြိုပြီး ချေထားတဲ့ ဆီတို့ဖူးနဲ့ နှပ်နှယ်ထားပေးပြီး စားလို့ရပါတယ်

၄) ဆီတို့ဖူးကို ကန်စွန်ရွက်နဲ့ကြော်ပြီး ဆီတို့ဖူး ကန်စွန်ရွက်ကြော် လုပ်စားလို့ရပါတယ်

၅) ရှမ်းခေါက်ဆွဲ လုပ်စားရင်လဲ ထည့်စားကြပါတယ်

၆) မှီးရှည် လုပ်စားရင်တော့ မပါမဖြစ်ပါ

၇) ဆီတို့ဖူးကို ထမင်းနဲ့ နှယ်ပြီးတော့လဲ ဆီတို့ဖူးထမင်းနှယ် လုပ်စားကြပါတယ်

၈) ခရမ်းသီး မီးဖုတ်ပြီး ဆီတို့ဖူးနဲ့ ထည့်သုတ်စားကြပါတယ်

၉) ထမင်းကြော် ထမင်းပူပူလေးနဲ့ စားတယ်

၁၀) ခေါပုတ်နဲ့ ဆီတို့ဖူး တို့စားတာတော့ ရှမ်းတွေအကြိုက်ပေါ့

ဆီတို့ဖူးအရသာမှာ အငံဖြစ်သည်။ သားသတ်လွတ်သည်။ သဘာဝအတိုင်း ရှေးဟောင်းနည်းပညာဖြင့် ကြာရှည်ခံဆေးမလိုပဲ အထားခံနိုင်သည်။

ဒီရက်ပိုင်း ရသာမွန်ဆီတို့ဖူး လှူဒါန်းမှုလေးတွေမှာ ပါ၀င်ထားတဲ့အတွက် ရရှိတဲ့ မိတ်ဆွေများ စားသုံးနည်း လေး အလွယ်တကူ သိနိုင်ဖို့ ရည်ရွယ်တာပါ

No Chemical.

 

ဆီတို့ဖူးဆို ရသာမွန်