#ဇလုံးချဉ် (ငါးယောင်ငါးကြီးအသားချဉ်)
#ငါးအသားတုံးကြီးတွေချည်းမို့စီးပိုင်နေအောင်စားရပါမယ်ရှင်။
အထက်မြန်မာပြည်ငါးချဉ်တွေလို ထမင်းနဲ့ငါးအသားရောကြိတ်ပြီးငါးချဉ်လုပ်တာမဟုတ်ဘဲ အသားတုံးအသားမြောင်းတွေချည်းကို ရိုးရာထမင်းချဉ်နဲ့ စဉ့်အိုးကြီးထဲမှာ အချဉ်သိပ်ထားတာမျိုးပါ။
ထမင်းအရောမဟုတ်ဘဲ အသားတုံးချည်းသီးသန့်ကို ငါးချဉ်ကိုစားရတာမို့ရယ် ငါးကြီးအသားချဉ်မို့ တခြားငါးချဉ်တွေနဲ့မတူအောင်ကို အရသာထူးပါတယ်။ စားကောင်းပါတယ်ရှင်။
ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင်အနှစ်နိုင်နိုင်နဲ့ ကြော်စားပါ။ သကြားလေးတစ်ဇွန်းထည့်ပြီး ခရမ်းချဉ်လေး ရှစ်စိပ်ကွဲလေး နဲ့ ငရုတ်သီးစိမ်းလေး ထည့်အုပ်ပြီး ကြော်စားပါရှင်။ ငါးချဉ်ကိုအမျိုးမျိုးစားကြည့်တဲ့အထဲမှာ ဒီကြော်စားတဲ့နည်းက စားအကောင်းဆုံးပဲ။
📌 ထားဝယ်က ဇလုံးချဉ်လို့ခေါ်တဲ့ ငါးကြီးချဉ်ဆိုတာ ငါးယောင်ငါးကိုလုပ်ထားတာပါ 💯💯💯
အထက်ပြည်ရွာက ရေချိုငါးကြီးချဉ်တွေထက် ပိုပြီး အရသာရှိပါတယ်။ စားရတာ စီးစီးပိုင်ပိုင်ပိုရှိပါတယ်။
ထားဝယ်ကိုမရောက်ဖူးရင်တော်ယုံ မစားဖူးကြပေမယ့် ထားဝယ်နဲ့ အဆက်အစပ်ရှိခဲ့ဖူးသူတိုင်း မမေ့နိုင်တဲ့ ဟင်းလျာတစ်မျိုးကတော့ ဇလုံးချဉ်ကြော်ပါ။ 💯💯💯
နဂိုကမှ ပုဇွန်ချဉ် ငါးချဉ်ကြိုက်တတ်ရင် ငါးလေးချဉ်တွေထက် ဒါမျိုး အသားတုံးကြီးစီးစီးပိုင်ပိုင်ရှိတာမျိုးကို စားကြည့်ပါလား။
ကြက်သွန်ဖြူနီအနှစ်များများကို အရောင်တင်မှုန့်လေးနဲ့ ဆီသတ် ပြီး ဇလုံးချဉ် အတုံးလေးတွေ ရေဆေးပြီးထည့် သကြားလေးတစ်ဇွန်းထည့်ပြီး ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်း အုပ်ပြီး ကြော်ယုံပါ။
#ဇလုံးချဉ်ကြော်
ဇလုံးချဉ်လို့ပြောရင် ကျနော်တို့လို တောင်ပိုင်းသူတွေပဲသိတာ။ ဇလုံးဆိုတာ ငါးယောင်ကိုပြောတာပါ။ တနည်း ငါးယောင်ချဉ်ပေါ့။ ဇလုံးချဉ်ကိုစားပြီးရင် ပဲခူးမနီငါးဖယ်ချဉ်ကိုမစားချင်တော့ပါဘူး။ အသားတုံးကြီးတွေ အတုံးလိုက်အရသာရှိရှိတွယ်ရလို့ပါ။
ဒီနေ့တိုက်ဆိုင်စွာပဲ မေမေ ဇလုံးချဉ်ကြော်တာနဲ့ ဇလုံးချဉ်ကြောနည်းလေး ရေးပါမယ်ရှင်။
ဇလုံးချဉ်ကြော်ရဲ့အသက်ဟာ ကြက်သွန်အဖြူအနီအနှစ်ပါပဲ။ ကြက်သွန်ဖြူနီဆီသတ်ပြီး စပါးလင်လေးထောင်းထည့် ပြီးရင် ဟင်းချက်ငရုတ်သီးမှုန့်လေးထည့်ပြီးအနှစ်ကြော်ရပါမယ်။ သကြားနည်းနည်းထည့်ပါ။ ဟင်းအနှစ်ကများလေ ကောင်းလေမို့ ကြက်သွန်နီများများလေးထည့်ကြော်ပါရှင်။
ဟင်းအနှစ်ရတာနဲ့ ဇလုံးချဉ်ကို ထမင်းဖယ်ပြီး အတုံးကလေးများတုံးကာထည့်ကြော်ပါ။ ခရမ်းချဉ်သီးလေးတွေထည့်ပါ။ ကျက်ခါနီးကျရင် ငရုတ်သီးထက်ခြမ်းခွဲလေးထည့်ပြီး အရသာရှိလှသော "#ဇလုံးချဉ်ကြော်"ကိုစားသုံးနိုင်ပါပြီရှင်။
တခြားထားဝယ်သူတွေဘယ်လိုချက်မှန်းမသိပေမယ့် ဒီနည်းလေးကအိမ်မှာ မေမေ ကြော်ကျွေးနေကျနည်းလေးပါရှင်။