တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုတွေအတွက် အနားယူချိန်လေးမှာ အသားအရေကို ပြန်လည်အားဖြည့်ဖို့ လိုအပ်ပါတယ်။
သဘာဝရဲ့ အစွမ်းသတ္တိတွေနဲ့ ပြည့်နှက်နေတဲ့၊ တက်ကြွလန်းဆန်းစေတဲ့ ရနံ့လေးတွေနဲ့အတူ နေ့သစ်တစ််ခုကို စတင်ဖို့ဆို အလိုအပ်ဆုံးက ရွှေပြည်နန်းရဲ့ သံပုရာသနပ်ခါးလေးပဲပေါ့ 🍋🟩
ကာကာတို့ရဲ့ အသားအရေ ကျန်းမာရေးနဲ့ အလှအပကို တစ်ပြိုင်နက်တည်း ထိန်းသိမ်းပေးနိုင်မယ့် ရွှေပြည်နန်း သံပုရာသနပ်ခါးကို
✅သဘာဝကုန်ကြမ်းတွေဖြစ်တဲ့ သံပုရာသီး၊ မြန်မာ့သနပ်ခါးစစ်စစ်၊ သစ်သီးဝလံတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး
သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင် C နဲ့ သဘာဝသနပ်ခါးရဲ့ အာနိသင်တွေကြောင့် အသားအရေကို စိုပြေလန်းဆန်းစေပါတယ်။
ဒါ့အပြင် ...
✅အသားအရေကို ဖြူစင်ဝင်းမွတ်စေတဲ့ AHA (Alpha Hydroxy Acid) ပါဝင်တာကြောင့် အရေပြားအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေမှာပါ။
ရွှေပြည်နန်း သံပုရာသနပ်ခါးဟာ နိုင်ငံတကာ အဆင့်မီ တီထွင်ထုတ်လုပ်ထားတဲ့ မြန်မာ့ပထမဆုံး သဘာဝသနပ်ခါးဖြစ်လို့ ကာကာတို့ အနေနဲ့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ် ။
သံပုရာသီးရဲ့ အစွမ်းသတ္တိတွေကြောင့်
သနပ်ခါးရဲ့ အေးမြတင်းရင်းစေမှု အပြင်
နေ့စဉ်လိမ်းပေးရုံနဲ့ နေလောင်ဒဏ်ကို ကာကွယ်ပေးပြီး အသားအရေကို ဝင်းပလာစေခြင်း၊ ၀က်ခြံကင်းစင်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုနဲ့ အရေးအကြောင်းတွေကိုပါ ထိရောက်စွာ ကာကွယ်ပေးပါတယ်။
ရွှေပြည်နန်း သံပုရာသနပ်ခါး ကို 140g, 50g, 25g ဆိုပြီး Size အမျိုးမျိုးထုတ်လုပ်ထားလို့ ကိုယ့်လိုအပ်ချက်နဲ့ အကိုက်ညီဆုံး ပမာဏကို ရွေးချယ်နိုင်ပါတယ်ရှင့် ✨