New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

ရှမ်းရွှေတောင် လက်ဖက် အမျိုးမျိုး

ရှမ်းရွှေတောင် လက်ဖက် အမျိုးမျိုး

£6.50
Flavour
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

ဂျင်းမွှေးလက်ဖက်

မွှေးမွှေးလေးနဲ့ ဂျင်းမွှေးလေး" 🍃✨
မိုးအေးအေးလေးမှာပဲဖြစ်ဖြစ်၊ အလုပ်ပင်ပန်းလို့ စိတ်ကြည်လင်လန်းဆန်းသွားဖို့ပဲဖြစ်ဖြစ် အကောင်းဆုံးအဖော်မွန်က ဘာဖြစ်မလဲ?
"ရှမ်းရွှေတောင် ဂျင်းမွှေးလက်ဖက်" ပါပဲ။
ဘာလို့ "မွှေးမွှေးလေးနဲ့ ဂျင်းမွှေးလေး" လို့ ခေါ်ရတာလဲ?
ရှမ်းပြည်ကလာတဲ့ လက်ဖက် နဲ့
ဂျင်းအနုလေးတွေရဲ့ အမျှင် လုံးဝမပါဘဲ နုဖတ်နေပြီး မွှေးပျံ့ပျံ့ ရနံ့က ရင်ထဲအထိ လန်းဆန်းစေတာကြောင့် " ဂျင်းမွှေး လက်ဖက် "လို့ခေါ်တာပေါ့။

ရှူးရှဲ လက်ဖက်

အထူးတလည် မိတ်ဆက်ပေးနေစရာ မလိုအောင်ကို လျှာပေါ်မှာ စွဲလမ်းခဲ့ရတဲ့ အရသာ... 🤤🔥 "
ရှမ်းရွှေတောင် ရဲ့ Signature ဖြစ်တဲ့ စားဖူးသူတိုင်း အမြဲတမ်း တမ်းတနေရတဲ့ Legend အရသာကြီးပါပဲ။ 😎
🌶️ ချဉ်စပ်အမိုက်စားနဲ့ အုန်းအုန်းထနေအောင်ကို ရှဲသွားစေမယ့် "ရှူးရှဲ လက်ဖက်"!

နှုတ်ခမ်းလေးဆူ၊ မျက်လုံးလေးမှိတ်သွားရလောက်အောင် အရသာက ကွက်တိပဲမလား? 😉 အချဉ်ရယ်၊ အစပ်ရယ်၊ လက်ဖက်ရဲ့ အဖန်ရယ် ပေါင်းစပ်လိုက်တဲ့အခါ ထမင်းနဲ့စားဖို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရင်း သမ်းဝေနေလို့ပဲဖြစ်ဖြစ် တစ်လုပ်စားလိုက်ရုံနဲ့တင် မျက်လုံးပွင့်သွားစေမှာပါ။

 

ဇယန်းအညွန့်နှပ်‌


‘’လက်ဖက်နဲ့ ဧည့်ခံတယ်’’ဆိုတာ
တန်ဖိုးထားရတဲ့ မြန်မာ့ယဥ်ကျေးမှုအစဥ်အလာဖြစ်သလို
ဧည့်ဝတ်ကျေပွန်မှုရဲ့ သင်္ကေတတစ်ခုလည်းဖြစ်ပါတယ် ✨

ဒါကြောင့်မို့လည်း ခေတ်အဆက်ဆက်မှာ
အိမ်ကို ဧည့်သည်လာတဲ့အခါ ~
လက်ဖက်၊ရေနွေးကြမ်းနဲ့ ဧည့်ခံကြသလို

ညချမ်းအချိန်အခါတွေမှာဆိုရင်လည်း
သာရေးနာရေး စကားဝိုင်းတွေမှာ လူကြီးသူမတွေကို
လေးစားသမှုနဲ့ လက်ဖက်၊ရေနွေးကြမ်းကို
တည်ခင်းဧည့်ခံလေ့ရှိကြပါတယ်။

ဒီလိုမျိုး သမိုင်းအစဥ်အဆက်တစ်လျှောက်မှာ

🌿မြန်မာ့ရိုးရာ ယဥ်ကျေးမှုကို
တန်ဖိုးထားထိန်းသိမ်းခြင်းလည်း ဖြစ်၊

🌿ခေတ်အဆက်ဆက်က လူကြီးတွေလည်း
နှစ်သက်သဘောကျကြပြီး

✨ဧည့်ခံဖို့အတွက် အကောင်းဆုံးဖြစ်တဲ့

ဇယန်းအညွန့်နှပ်‌လေးတွေကို အရသာ ကောင်း၊
အရည်အသွေးကောင်းတာ ရှာဖွေနေပါတယ်ဆိုရင်
ရှမ်းရိုးမတောင်တန်းတွေထက်က ဆင်းသက်လာတဲ့
ရှမ်းရွှေတောင်ရဲ့ ဇယန်းအညွန့်နှပ်လေးတွေကို
ညွှန်းပေးလိုက်ပါရစေခင်ဗျာ။ 

 

ပင်းတယလက်ဖက်

မြန်မာလူမျိုးတို့ရဲ့ အနှစ်သက်ဆုံးအစားအစာဖြစ်ပြီး
ယဥ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေမှာ မပါမဖြစ်
နေရာယူထားတာကတော့ လက်ဖက်ပါ 🏆🏆

ဒီလို ပွဲတိုင်းကျော်တဲ့ လက်ဖက်ထဲမှာမှ
ထူးခြားတဲ့အရသာကြောင့် နာမည်ကျော်ကြား၊
လူကြိုက်များတာကတော့ ရှမ်းရွှေတောင်ရဲ့
ပင်းတယလက်ဖက်ပဲဖြစ်ပါတယ် 😘

ချဥ်ချဥ်စပ်စပ် ကဲတဲ့ အရသာကို လက်ဖက်ရဲ့
မူလ ခါးစိမ့်စိမ့်အရသာတို့ ပေါင်းစပ်ထားတာကြောင့်
လက်ဖက်ကိုနှစ်သက်သူတိုင်း တစ်ခါစားလိုက်မိတာနဲ့
ဆွဲဆောင်ခံလိုက်ရတယ်ဆိုတာ ငြင်းမရနိုင်တဲ့
ရှမ်းရွှေတောင်ရဲ့"ပင်းတယလက်ဖက်ရဲ့အရသာ" ပါ 😋

ဒီလိုအရသာမှာ ဆရာတစ်ဆူဖြစ်တဲ့ ရှမ်းရွှေတောင်ရဲ့
ပင်းတယလက်ဖက်ကို မှာယူချင်ပါတယ်ဆိုရင်တော့
Page Messenger မှာ ဆက်သွယ်မှာယူနိုင်ပါပြီနော်...။

#myanmartealeaf
#ရှမ်းရွှေတောင် #ပင်းတယ