New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

အရီးတောင်း ကြက်ခြေနီသုပ် (160g) Spicy Tea Leaves Salad

အရီးတောင်း ကြက်ခြေနီသုပ် (160g) Spicy Tea Leaves Salad

£4.20
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

ကြက်ခြေနီသုပ်ဆိုတာ ကြက်နီမကို သုပ်ထားတာလား 🤔

အဲလိုထင်နေတယ်ဆိုရင်တော့ မှားသွားပါမယ် ❌

တကယ်တော့ ကြက်ခြေနီသုပ်ဆိုတာ နိုင်ငံကျော်အရီးတောင်းရဲ့ မူပိုင်ဖြစ်တဲ့ လက်ဖက်သုပ်ကိုပြောတာဖြစ်ပါတယ်။ လက်ဖက်သုပ်ကို ဘယ်လိုဖြစ်လို့ ကြက်ခြေနီသုပ်လို့ ခေါ်တွင်ခဲ့လဲဆိုတဲ့ ရာဇဝင်လေးကို မင်မင်က ဒီနေ့မှာ အနည်းငယ်ပြောပြပေးချင်ပါတယ်။

လွန်ခဲ့သော နှစ် 1971 ခုနှစ်တုန်းက နား၊နှာခေါင်း၊လည်ချောင်းဆေးရုံနေရာကို ချုံတွေရှင်းပေးဖို့အတွက် လူငယ်၊ ကျောင်းသား၊ ကြက်ခြေနီတွေစုစုပေါင်း အယောက် (700) လောက် လုပ်အားပေးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သူတို့ကို ကျွေးမွေးဖို့အတွက် ဦးလေးလိုခင်တဲ့ လူတစ်ယောက်မှ အဖွားဒေါ်ကြွယ်ကြွယ်အား အကူအညီတောင်းဖြစ်ခဲ့ပါတယ်။ အချိန်အခါက မိုးအေးအေးလည်းဖြစ်တာကြောင့် အရသာအသစ်ဖြစ်တဲ့ ချဉ်ချဉ်စပ်စပ်လက်ဖက်လေးကို သုပ်ကျွေးဖြစ်ခဲ့တယ်။ အဲဒီကနေတစ်ဆင့်မှ ကြက်ခြေနီအဖွဲ့ကို သုပ်ကျွေးခဲ့တဲ့လက်ဖက်ကို ကြက်ခြေနီသုပ်ဆိုပြီး အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။

ကြက်ခြေနီသုပ်အား 1971 Original အတိုင်းရရှိနိုင်သလို၊ ခေတ်ကာလအပိုင်းအခြားအရ ထပ်မံဆန်းသစ်တီထွင်ပြီး Morden Taste ဆိုပြီးနှစ်မျိုးရှိသည့်အတွက် လူကြီးမင်းတို့ စိတ်ကြိုက်ရွေးချယ်ပြီးဝယ်ယူအားပေးနိုင်ပါတယ်။

ဒါဆိုရင် နိုင်ငံကျော်အရီးတောင်းရဲ့ ကြက်ခြေနီသုပ်ဟာ လက်ဖက်သုပ်ချဉ်ငံစပ်လေးဖြစ်တယ်ဆိုတာကို သိရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင့် 🤩