New Arrivals

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

Kalaw Organic Farm ကောက်ညှင်းခွက်ခြောက် (မကြော်ရသေး) 27ချပ်ပါ ၁ထုတ် (520g)

Kalaw Organic Farm ကောက်ညှင်းခွက်ခြောက် (မကြော်ရသေး) 27ချပ်ပါ ၁ထုတ် (520g)

£11.99
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

မွမွလေးနဲ့ စားလို့အရမ်းကောင်းတဲ့ ဆန်လုံးစီကြော်လေးတွေရပါတယ်ရှင်...

 

ကောက်ညှင်းခွက်​ အဖြူနှင့် ငချိတ်ခွက်အမဲရောင်လေး 2မျိုးလုံးရပါတယ်ရှင်။

 

🖤ကောက်ညှင်းခွက်ခြောက် (မကြော်ရသေး)

  27ချပ်ပါ ၁ထုတ်

 

KoF ရဲ့ "ကောက်ညင်းခွက် ခေါ် ဆန်လုံးစီခြောက်" လေးကို တစ်နှစ်ပတ်လုံးအမြဲမပြတ်အားပေးတဲ့ ဝယ်သူများကိုအထူးကျေးဇူးတင်ပါတယ်ရှင်။

 

- ကောက်ညင်းဆန် (အဖြူ)နှင့် ငချိတ်ဆန်(အမဲ)လေးကိုနူးနပ်နေအောင်သေချာပေါင်းပီးမှ အဝိုင်းနှိပ်အခြောက်လှန်းထားတဲ့ကောက်ညှင်းခွက်ခြောက်လေးတွေပါရှင်၊ သေချာနူးနပ်အောင်ပေါင်းထားလို့ အမာစေ့တွေလုံးဝမပါပါဘူးရှင်၊ မွမွလေးနဲ့ တကယ့်ကိုစားကောင်းလွန်းပါတယ်။

 

- ကြော်ခါနီးနေပူလေးခဏလှန်းပီးမှကြော်ရင် ပိုကြီးပီး မွမွရွရွလေးဖြစ်ပါတယ်ရှင်။ ဆီများများပူပူ မီးပြင်းပြင်းလေးမှာကြော်ပါနော်၊ ကြော်နေတဲ့အချိန် ဟိုဘက်ဒီဘက်ခဏခဏလှည့်ပေးရပါမယ်ရှင်။

 

- သင်္ဘောသီးထောင်းဆိုင်၊ ဟင်းထုတ်၊အသုပ်ဆိုင်လေးတွေမှာ အကြော်ထုတ်လေးတွေချိတ်ထားကြတတ်တဲ့ထဲကမှ ဆန်လုံးစီကြော်လို့ခေါ်တဲ့ မွမွရွရွလေးနဲ့စားလို့ကောင်းလှတဲ့ အကြော်လေးဖြစ်သွားမယ့် ကောက်ညင်းခွက်အချပ်အခြောက်လေးပါရှင်။

 

- သူကကြော်လိုက်ရင် အချပ်ကြီးက အကြီးကြီးပွသွားတဲ့တာပါ။ ဆီပူပူလေးမှာ တစ်ချပ်လုံးနစ်မြုပ်အောင်ထည့်ပီး ဟိုဘက် ဒီဘက်3လေးခါလောက်လှန်လှန်ပီးကြော်ပေးရပါတယ်ရှင်။ ကြော်ခါနီး ကောက်ညှင်းခွက်နေကို နေပူ 5min လောက်ပြပီးမှကြော်ပါရှင်၊ ပိုပွပီးအချပ်ပိုကြီးစေပါတယ်။

 

- ရေနွေးကြမ်း၊ ဘီယာလေးနဲ့မြည်းအရမ်းကောင်းတာပေါ့ရှင်၊ ချေပီးလ္ဘက်လေးနဲ့သုပ်၊ ကြက်သွန်နီဆီဆားလေးနဲ့သုပ်လည်းအရမ်းစားကောင်းပါတယ်ရှင်။ သင်္ဘောသီးထောင်း၊ ရှောက်သီးသုပ်တို့လို့နဲ့ တွဲစားအရမ်းကိုလိုက်ဖက်စားကောင်းလှပါတယ်ရှင်။ ညီမဆို သင်္ဘောသီးထောင်းကိုအရည်များများလေးလုပ်ခိုင်းပီးမှ အဲ့အရည်နဲ့ ဆန်လုံးစီကြော်ကိုတို့နှစ်ပီး စားတာပါရှင်။

 

- ကြော်ပီး ထန်းလျက်ရည်/ကြံသကာရည်လေး နှစ်ပီး or အပေါ်မှစမ်းပီးစားရင်လည်းတအားကောင်းပါတယ်ရှင်။ ငယ်ငယ်က အမြဲတမ်းလုပ်ကျွေးခိုင်းခဲ့တဲ့ ဆန်လုံးစီအချိုလေးပါရှင်။ ယိုးဒယားကလာတဲ့ ဆန်လုံးကြော်သေးသေးလေးတွေဆို အပေါ်ကထန်းလျက်ရည်လေးစမ်းပီး သီဟိုစေ့၊ ဖရုံစေ့၊ နှမ်းလေးဖြူးထားတာလေးတွေဆို အရမ်းစားကောင်းပါတယ်။