ဒီရာသီမှာ "မုန်ညင်းဆီစစ်စစ်"လေးကလည်း မရှိမဖြစ်ဆောင်ထားသင့်ပါတယ်ရှင်
🤎ဆေးဖက်ဝင်မုန်ညင်းဆီစစ်စစ်(လိမ်းဆီ)
မင်မင်ကတော့ သားလေးတွေဖျားရင် မုန်ညင်းဆီလေး လက်ဖဝါးထဲထည့်ပီးကျောပြင်ကိုနွေးသွားအောင်ပွတ်လိမ်းပေးပါတယ်။ ရင်ကြပ်ချောင်းဆိုးရင် ရင်ဘတ်ကိုပွတ်လိမိးပေးပါတယ်။
ဆေးဖက်ဝင်မုန်ညင်းဆီအစစ်ဖြစ်ပါတယ်ရှင်။ သဘာဝအဆီ မုန်ညင်းစေ့အသန့်ကိုကြိတ်ထားသော အရောအနှောမပါသည့်ဆီစစ်စစ်ဖြစ်ပါသောကြောင့် ဘေးဥပဒ်လုံးဝမရှိ သုံးစွဲနိုင်ပါတယ်ရှင်။
ကလေးငယ်လေးများအအေးပါတ်လျှင် တစ်ကိုယ်လုံးပွတ်လိမ်းပေးပါ။
ဗိုက်နာခြင်း၊ အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်၊ ဝမ်းဖောဝမ်းရောင်များဖြစ်ပါက ဝမ်းဗိုက်ပြင်ကိုသေချာလေးစိမ့်ဝင်နေအောင်ပွန်လိမ်းပေးပါရှင်။ မကြာခဏပွတ်လိမ်းပေူပါ ခဏလေးအတွင်းသက်သာလေစေပါတယ်ရှင်။
အဆုပ်အအေးမိခြင်း၊ ပန်းနာရင်ကြပ်ခြင်း၊ နှာစေးချောင်းဆိုးခြင်းဖြစ်ပါက ရင်ဘတ် နှင့် ကျောကုန်း နေရာများကို စိမ့်ဝင်နေအောင် လိမ်းပေးပြီး နွေးနွေးထွေးထွေး နေပေးပါက ချွဲ၊ သလိပ်များ ပျော်ပြီး ထွက်ကျစေပါသည်။
ညောင်းညာကိုက်ခဲလျှင် ခြေထောက်၊ လက်၊ ကိုယ်ခန္ဓာအနှံ ပွတ်လိမ်းပေးပါရှင်။
ခေါင်းအုံ၊ ခေါင်းကိုက်ခြင်းများ၊ ဇက်ကြောတက်၊ မျက်ရိုးကိုက်ခြင်းဖြစ်ပါက ဦးခေါင်း၊ နားထင်နှင့် တက်သောနေရာ ကိုက်သောနေရာများကို မုန်ညင်းဆီ ပွတ်လိမ်းပေးပါရှင်။ သက်သာ ပျောက်ကင်းစေပါသည်။
ထုံကျင် ကိုက်ခဲခြင်း၊ ချိနဲ့ခြင်း၊ အကြောဆွဲ လက်ကပ်၊ ခြေကပ်ခြင်း ရောဂါများအတွက် မုန်ညင်းဆီ(၁)ဆ၊ နှမ်းဆီ(၁)ဆကို ရောစပ်၍ လိမ်းပေးရပါတယ်ရှင်။
အဆစ်အမြစ်များရောင်ရမ်းခြင်းအတွက်- မုန်ညင်းစေ့ကို ကွမ်းစားဂမုန်းနှင့် သွေးပြီး အဆစ်ရောင်သော နေရာများအား လိမ်းပေးပါရှင်။
နားနာ၊နားကိုက်ခြင်းများအတွက်– အအေးလွန်၍ ကိုက်သော နားနာ၊ နားကိုက်ခြင်းအတွက် မုန်ညင်းဆီအနည်းငယ်မျှ နားအတွင်းသို့ ခပ်၍ပေးပါက ပျောက်ကင်းပါတယ်ရှင်။ ဆီကသူ့သူနားအတွင်းရှိဖုန်မှုန့်အညစ်အကြေးများနှင့်ရောကာ နားချေးအဖြစ်ပြန်ထွက်သွားပါတယ်။ မုန်ညင်းဆီသည် နားအတွင်းရှိမကောင်း၊ မသန့်စင်သောအရာများကို အပြင်ယူထုတ်ပေးပစ်သောကြောင့် နားကိုက်ခြင်းများသက်သာစေတာပါရှင်။