New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

Kalaw Organic Farm သံပုရာထန်းလျက် (250g) Lime Jaggery

Kalaw Organic Farm သံပုရာထန်းလျက် (250g) Lime Jaggery

£7.99
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

အသစ်ထုတ်တဲ့ သံပုရာထန်းလျက်လေးစားကြည့်ပါရှင်၊ အရမ်းစားကောင်းတာမို့ စားကြည့်စေချင်ပါတယ်၊ကျန်းမာရေးအတွက်လည်းအရမ်းကောင်းစေပါတယ်ရှင်

🍋Lemon Jaggery (သံပုရာထန်းလျက်)

သံပုရာသီးစစ်စစ်ကို ထန်းဖိုဦးထန်းလျက်စစ်စစ်ဖြင့်ကျိုချက်ထုတ်လုပ်ထားတာမလို့သံပုရာရနံ့လေးမွှေးသင်းပီး ချိုချဉ်အရသာလေးနဲ့ စားရအရမ်းကောင်း၊ သံပုရာထန်းလျက်လေးပါးစပ်ထဲငုံလိုက်တာနဲ့ လန်းဆန်းသွားစေပါတယ်ရှင်။

ထန်းလျက်ကို ချိုချိုကြီးမကြိုက်တဲ့သူတွေအတွက် သံပုရာထန်းလျက်လေးက ချိုချဉ်လေးမို့စားကောင်းမှာပါရှင်။

- ထန်းလျက်မှာ Potassium, Iron နှင့် Calcium တို့လိုမျိုး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေပါဝင်နေပြီး အရိုးအဆစ် နှင့် ကြွက်သားများကို သန်မာစေပါတယ်။

▪️ အကျိုးပြု အမျှင်ဓါတ်ပါဝင်နေတာကြောင့်အူတွင်ူအကျိုးပြုဘက်တီးရီးယားတွေကို အထောက်အပံ့ပေးပြီးသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလျော့ချထိန်းညှိပေးနိုင်သောကြောင့် ဆီးချိုရောဂါရှိသူများ ထန်းလျက်ကိုစားသုံးပေးသင့်တာပါရှင်။

▪️ထန်းလျက်မှာပါသောအချိုဓါတ်က ခန္ဓာကိုယ်တွက် အာဟာရပြည့်စေသလို ခွန်အားလည်းပြည့်စေနိုင်ပါတယ်။ မနက်ခင်းမှာ သောက်မယ့် နွားနို့ or Juice or coffee or tea တစ်ခုခုထဲကို ထန်းလျက်ထည့်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ ခွန်အားပြည့်စေမှာပါရှင်။

▪️အော့အန်ဖျားနာခြင်း၊ ဝမ်းသွားခြင်းများကြောင့် ခန္ဓကိုယ်တွင်းရေဓါတ်ဆုံးရှုံးတဲ့ချိန်မှာ ရေဓာတ်ဖြည့်ပေးပါတယ်။ ရေဓါတ်ဆုံးရှုံးမှုဖြစ်တဲ့အခါ ထန်းလျက်ခဲလေးကိုဝါးပီး ရေနွေး or ရေအေးလေးနဲ့သောက်ပါရှင်။ ရေဓါတ်အမြန်ဆုံးပြန်လည်ပြည့်လာပါတယ်။

▪️အစားတွေအများကြီးစားမိတဲ့အခါမှာဖြစ်ဖြစ် မတည့်တဲ့အစာတွေစားပြီးရင်ဖြစ်ဖြစ် ထန်းလျက်လေးစားပေးတာက အစာကြေ ရင်ချောင်စေနိုင်ပါတယ်။ ဒါကြောင့် အစားများပီး မအီမသာ၊ မအီမလည်ဖြစ်နေတဲ့အချိန်၊ အစာကြေချင်တယ်ဆိုရင် ထန်းလျက်လေးစားပေးကြပါရှင်။

▪️ အစာကြေစေပြီး အစာခြေစနစ်ကိုကောင်းမွန်စေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဝမ်းချုပ်တတ်တယ်ဆိုရင် ထန်းလျက်ခဲလေးကိုနေ့စဉ်ပုံမှန်စားပေးလို့ရပါတယ်။

▪️ယခုခေတ်ကာလသည် ကင်ဆာရောဂါဖြစ်ပွားမှုကတော်တော်လေးမြင့်တက်လာပါတယ်။ ထန်းလျက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာဖြစ်စေတဲ့ အရာတွေကိုတိုက်ဖျက်ပေးပါတယ်။ ထန်းလျက်မှာ Vitamin A, C နှင့် B complex တို့ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာကာကွယ်ပေးပါတယ်။ သဘာဝဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေတာကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။