New Arrivals

Drinks

Snacks

Breakfast

Authentic Myanmar Essentials

Mohinga

Dried Fish & Prawns

Noodles

Laphet

Meat & Fish

Ready to Eat

Side Dishes

Veg

Sauces, Spices &

Tint Tint Dry ဂျုံကြို (350g)

Tint Tint Dry ဂျုံကြို (350g)

£12.99
Our Promise

Free Shipping Above £30

5% Off + Free Gift Above £50

Free NEXT DAY Delivery Above £100

Fast 2-4 Day Shipping

“တင့်တင့်ဂျုံကြိုနဲ့အတူ အတိတ်ဆီသို့အလည်တစ်ခေါက်..”

ဂျုံကြိုလို့ပြောလိုက်ရင် အမျိုးအမည်ခွဲခြားမရတဲ့ ခံစားချက်တမျိုးနဲ့ ငယ်ငယ်ကအချိန်တချို့ ရေးရေးလေးပြန်ပေါ်လာဖူးတဲ့သူတွေများရှိမလား...

နေ့လည်နေ့ခင်း အိမ်ရှေ့မန်ကျည်းပင်အောက်က သစ်သားကွပ်ပျစ်ကြီးမှာ လေတဖြူးဖြူးခံ ထိုင်နေရင်း အိမ်ရှေ့ကဖြတ်သွားမယ့် မုန့်သည်ကို နားစွင့်နေခဲ့ကြဖူးတဲ့အချိန်တွေ...

အဲဒီထဲက မုန့်တမျိုးဆိုရင် ဂျုံကြိုပဲ...

အညာထန်းလျက်ရဲ့ သဘာဝအတိုင်း အချို မွှေးမွှေးလေးကို အရသာခံရင်း...

ဂျုံစေ့လေးတွေရဲ့ ကိုက်လိုက်ချိန်မှာ ဖောက်ကနဲ့ပေါက်သွားတာမျိုးလဲမဟုတ်ဘဲ

အိကျိအိကျိ စေးစေးပိုင်ပိုင်လေးနဲ့ ဘယ်ဂျုံစေ့လေးက ဘယ်အချိန်မှာပေါက်ထွက်သွားမလဲဆိုပြီး ရှေ့သွားလေးတွေကနေတဆင့် အာရုံခံရင်း ငြိမ်ငြိမ်သက်သက်လေးစားနေခဲ့ဖူးတဲ့အချိန်လေးတွေ...

အခုချိန်လို နိုင်ငံခြားမုန့်တွေ ပေါပေါများများလည်းရှိနေခဲ့ကြတာမဟုတ်ဘူး။ ရွေးချယ်စရာမရှိသလောက် နည်းခဲ့သေးတာကိုး။

ဒါပေမယ့် အခုချိန် ဂျုံကြိုပြန်စားလည်းဘယ်လောက်စားစား၊ ဘယ်အချိန်စားစား ငယ်ဘဝအမှတ်တရတွေကတော့ တခုမဟုတ် တခုပေါ်လာမှာ ငြင်းလို့ရမယ် မထင်ဘူး။

ဒီလို အမှတ်တရတွေကို ပြန်လည်ခံစားတမ်းတချင်တယ်ဆိုရင်တော့
💁‍♀️မြန်မာ့ရိုးရာမုန့်တွေရဲ့ အရောင်အဆင်း၊ အနံ့၊ အရသာတွေကို ရှေးမူမပျက်စေဘဲ
💁‍♀️သန့်ရှင်း သပ်ရပ် လတ်ဆတ်မှုတွေပါထပ်မံပေါင်းစပ်ထားရုံမက
💁‍♀️ပြည်တွင်း၊ ပြည်ပ ဘယ်နေရာရောက်ရောက် အသင့်ပြင်ဆင်စားသုံးနိုင်အောင် စီမံထားတဲ့
တင့်တင့်ရဲ့ ဂျုံကြိုလေးရှိပါတယ်ဆိုတာ ကြော်ငြာမောင်းခတ်ပါရစေနော်။

#တင့်တင့် #ဂျုံကြို #မြန်မာမုန့်